ချက်ပြုပ်ပုံ
အမဲသားကို မိမိကြိုက်သလို အတုံးတုံးပါ။
ရေဆေးပါ။
အမဲသားကို ဆား၊ အချိုမုန့်၊ ဆနွင်း၊ဂျင်းထောင်းအနည်းငယ်ထည့်ပြီးနယ်ပါ။
၁၀မိနစ်၊ ၁၅မိနစ်ခန့်နှပ်ထားပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုထောင်းထားပါ။
ချက်မဲ့အိုးထဲဆီထည့် ဆီကျက်လာရင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီကိုထည့်ပါ။
အရောင်နီအောင်ကြော်ပါ။
အရောင်တင်အနီမှုန့် အနည်းငယ်ထည့်ပါ။
ကြက်သွန်ဖြူ၊ကြက်သွန်နီများနီရဲလာလျှင် နယ်ထားသော အမဲသားကိုထည့်ပါ။
၅မိနစ်လောက်လုံးထားပေးပါ။
ပြီးရင်ဆား၊ အချိုမှန့် အနည်းငယ်ထည့် ရေထည့်ပြီး အမဲသားနူးအောင်ထိ တည်ထားပါ။
ဆီပြန်လာရင် မဆာလာအနည်းငယ်ထည့် ၊ပဲငံပြာရည်အနောက် ထည့်ပါ။
အသင့်စားသုံးနိုင်သောအမဲနပ် တစ်ခွက်ရပါပြီ။
mogaungthu.blogspot.com မှရယူချက်စားဖြစ်ပါသည်။
အမဲသား မစားလို့ တခြား ကြက်သားတို့ ဝက်သားတို့ နှပ်ပြပါ ကြည်...
ReplyDeleteကြိုတင် ကျေးဇူးတင်နေပါမည်...။