BLOGGER TEMPLATES AND TWITTER BACKGROUNDS »

Saturday, February 28, 2009

စကားကြီးဆယ်ခွန်း။

Ko Boyz said...
စကားကြီး ၁၀ ခွန်း။
၁။ ကောက်ပင်ရိတ်လှီး
၂။ ရေကူးညှာတင်
၃။ ဆင်ဝှေ့ရန်ရှောင်
၎။ အိုးတန်ဆန်ခပ်
၅။ ဆန်ပွတ်ကျည်ပွေ့
၆။ ကြက်ဆုပ်ခွပ်ပစ်
၇။ ရေစစ်ကရား
၈။ ကျွဲကူးရေပါ
၉။ ခပ်တင်မောင်းနင်း

တစ်ခုက မေ့သွားပြီ.. မနေ့က အားလုံးချရေးထားတာ ဘယ်ရောက်သွားလဲ မသိဘူး။

Tuesday, February 24, 2009

အသည်းကွဲရောင်။




အရောင်တွေကို သိပ်စိတ်ဝင်စားတယ်။ ကိုယ်မသိတဲ့အရောင်ဆို သိပ်သိချင်တယ်။ အရောင်တွေဆို စိမ်းပြာရောင်၊ ပန်းခရမ်းရောင်၊ ၀ါညိုရောင်.. အဲ့ဒီလို တွဲပြီး ခေါ်ချင်ခေါ်၊ ဒါမှမဟုတ်.. ဖက်ဖူးရောင်၊ ငှက်ခါးရောင်၊ နံ့သာရောင်၊ ချောကလက်ရောင် .. အရာဝတ္ထုတွေကို စွဲပြီး ခေါ်တယ် လို့ မှတ်ထားတာ။ အသည်းကွဲရောင်ကျတော့ ဘာအရောင်ကို ခေါ်နေမှန်း သေချာမသိခဲ့ဘူး။ စိတ်ထဲမှာ တော်တော်ရှုပ်နေတယ်။ နောက်တော့ အသည်းကွဲရောင်ဆို လူတွေခေါ်တာသာ ကြားဖူးနေတာ၊ ဘာအရောင်မှန်း မသိတော့ဘူး။ နောက်ဆုံးတော့ ပန်းရောင်အရင့်တစ်မျိုး လို့ပဲ အူကြောင်ကြောင်နဲ့ ပြန်မှတ်ထားလိုက်ရတယ်။ နောက်တော့ bleeding heart ပန်းတွေ မြင်မှပဲ သြော်.. ဒါကို မြန်မာမှုပြုတော့ အသည်းကွဲပန်း။ ဒီပန်းရဲ့  အရောင်က အသည်းကွဲရောင် ဆိုတာ တွဲပြီး နားလည်သွားတယ်။ ပန်းရောင်ရင့်ရင့်ကို ခရမ်းရောင် ပါတယ်ဆိုရုံလေး ဖောက်ထားတာမျိုး..။ ပန်းရောင်ရင့်ရင့်လို နွေးတဲ့အရောင်နဲ့ ခရမ်းရောင်လို ခပ်အေးအေး အရောင်ကို ပြန်စပ်ထားတာ။ ဒါပေမယ့် ပန်းရောင်နဲ့ ခရမ်းရောင် ရောတိုင်း အသည်းကွဲရောင် ဖြစ်ချင်မှဖြစ်တာ။ သူက အသည်းကွဲပန်းရဲ့  အရောင်ကို စွဲပြီးခေါ်တာလို့ မှတ်လိုက်ရပါတယ်။
(စုံစီနဖာစာမျက်နှာ ..မှကူးယူထားပါသည်)