BLOGGER TEMPLATES AND TWITTER BACKGROUNDS »

Saturday, October 31, 2009

တစ္ဆေ

တစ္ဆေ – ကြည်အေး

အိပ်လို့မရ
ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် ၊ သတိပြယ်လွင့်
ခိုတွယ်စရာ ၊ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား ၊ ကြယ်လေးငါးပွင့်
စကားပင်အို ၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ ၊ မြက်ချုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ် ၊ မတ်တပ်ထလိုက်
ခန်းဝကိုလာ ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက် ၊ တစ္ဆေခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့် ၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင် ၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။

မြစ်နက်ထဲမှာ
ငါ ရေနစ်မြှုပ် ၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား ၊ ငါနေနားလိုက်
ဘုရားရှေ့မှောက် ၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တစ်ယောက်သောငါ ၊ ငါများစွာမှ
ထလာလွင့်ပါး ၊ မောင့်အနားကို
စကားထွေရာ ၊ ငိုသံပါနှင့်
ဘာမှမကြား ၊ မောင့်အနားမှာ
‘ ထသွားစို့ဆို ၊ မေ့ကိုအိပ်မက်
မမက်ဘူးလား ‘ ၊ တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ် ၊ အရိပ်ထင်။ ။

ကြည်အေး
(တာရာမဂ္ဂဇင်း ၊ အတွဲ ၃ ၊ အမှတ် ၂၀ ၊ ၁၉၄၇)

Friday, October 30, 2009

LESSONS FROM LIFE.

(၁) ပြစ်တင်ရှုတ်ချခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးနဲ့ စိတ်ဓါတ်တွေရလာစေတယ်။
(၂) ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခတ်ပြောဆိုတတ်တဲ့ စိတ်ဓါတ်တွေ ရလာစေတယ်။
(၃) ယုံကြည်စိတ်ချမှုကင်းမဲ့စွာ နဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့စိတ်ဓါတ်တွေ ရလာစေတယ်။
(၄) ချစ်ခင်နှစ်သက်မှုတွေ နဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့စိတ်ဓါတ်တွေရလာစေတယ်။
(၅) အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့စိတ်ဓါတ်တွေ ရလာစေတယ်။
(၆) မှန်ကန်ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓါတ်ကို ရလာစေတယ်။
(၇) ချီးကျူးထောပနာပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထားလေးစားတတ်တဲ့ စိတ်ဓါတ်ကို ရလာစေတယ်။
(၈) မျှဝေခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ်သက်ညှာတတ်တဲ့ စိတ်ဓါတ်ကိုရလာစေတယ်။
(၉) အသိဥာဏ်ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့စိတ်ဓါတ်ကို ရလာစေတယ်။
(၁၀) ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့စိတ်ဓါတ်ကိုရလာစေတယ်။
(၁၁) ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကိုရှာဖွေတွေ့ရှိလိမ့်မယ်။

Ronald Russell - Lesson from Life ကို လူထုဦးစိန်ဝင်း ဘာသာပြန်ထားတာလို့ သိရတယ်။


ENGLISH VETSION...

Lessons from life by Ronald Russell
A child that lives with ridicule learns to be timid.
A child that lives with criticism learns to condemn.
A child that lives with distrust learns to be deceitful.
A child that lives with antagonism learns to be hostile.
A child that lives with affection learns to love.
A child that lives with encouragement learns confidence.
A child that lives with truth learns justice.
A child that lives with praise learns to appreciate.
A child that lives with sharing learns to considerate.
A child that lives with knowledge learns to wisdom.
A child that lives with patience learns to be tolerant.
A child that lives with happiness will find love and beauty.
Nay Nay Naing ထံမှယူထားသည်။

Tuesday, October 13, 2009

ကောသလအိပ်မက် ၁၆ ချက်။



အိပ်မက်(၁)





အိပ်မက်(၂)

အိပ်မက်(၃)

အိပ်မက်(၄)

အိပ်မက်(၅)

အိပ်မက်(၆)

အိပ်မက်(၇)


အိပ်မက်(၈)




အိပ်မက်(၉)

အိပ်မက်(၁၀)

အိပ်မက်(၁၁)

အိပ်မက်(၁၂)


အိပ်မက်(၁၃)

အိပ်မက်(၁၄)


အိပ်မက်(၁၅)

အိပ်မက်(၁၆)

CREDIT TO "SHWEWARPYI"