BLOGGER TEMPLATES AND TWITTER BACKGROUNDS »

Friday, December 26, 2008

blogပေါ်မှဟာသများ ၂

သေပြီဆရာ
ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။ကလေး တစ်ယောက်မွေးတယ်။
ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။သူက ကလေး နှစ်ယောက်မွေးတယ်။
တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။ကလေး သုံးယောက်မွေးတယ်။
လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။ကလေး လေးယောက်မွေးတယ်။
ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။
ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။သူတို့က ကလေး ခြောက်ယောက်မွေးတယ်။
ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။ အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာကကျွန်တော်က “ သုံးဆယ် ” ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က ဟေ....................

blog ပေါ်မှ ဟာသများ.၂

တိုက်ဆိုင်လိုက်ပုံများ
မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်းမနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါမနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီးဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော်ပြန်လေသည် ) " ဂျီးဆပ် ခရစ်"ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာမနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။



အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။ ဂျပန်ဝန်ကြီးချုပ် မိုရီ သည် အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။ ခရီးမထွက် ခင် တွင် အဂ်လိပ်စကားပြောအနည်းငယ်သင်ကြားနေသည်။ အတူ လိုက် ပါမည့် ဘာသာပြန် သူမှ "ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊ How are you? လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က I am fine, and you. လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က mee too လို့ ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည် ဟာသနှောလိုက်သည်) Well, I am Hilary' husband, and you?har har.မိုရီ။ ။ Me too, har har har

~!@@##$$%%%^^^^&&****(((())))___)((***&&^^^^%%$%$$$$###@@!@##$$%

လွဲ ချက်ကနာ
တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကို အူ တို့သုံး ဦး အား ရာဇဝတ် မှု ဖြင့် သေဒဏ် ပေး ရန် ပြင်ဆင် နေသည်။အစောင့်ဖြစ်သူ က ကိုဖြူအား အချုပ်ကားတွင်းမှ ပထမ ဆုံး ခေါ်ထုတ်လာ သည်။ ထို့ နောက် အရာရှိဖြစ်သူက သေနတ်သမား အား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)အရာရှိ- "Ready",'Aim".ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,' Earthquake!'လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး လွတ်မြောက်သွားသည်။နောက် ကိုကြူအလှည့်အရာရှိ-- 'Ready', 'Aim'ကိုကြူ- 'Tornado!'ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူ လည်း ထွက် ပြေး လွတ်မြောက်သွားပြန်သည်။နောက်ဆုံး ကိုအူ့အလှည့်အရာရှိ-' Ready', 'Aim'ကိုအူ လည်း ကျန်လူများ ကို အတုယူ၍ အော်လိုက် ပုံ က "Fire!"

Thursday, December 25, 2008

ဟာသများ။

သတိပေးချက်`
`ဟေ့ကောင်၊လေထီးမပါဘဲ ခုန်ဆင်းမလို့လား မင်းရူးနေသလားကွ ဟေ..´´ ``ဘာဖြစ်လို့လဲ´´´´အပြင်မှာ မိုးရွာနေတယ်လေကွာ။´´

မှီနိုင်သေးတယ်
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။ ``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။ ``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´

´စစ်အတွင်းက
တဲစုတ်ကလေးတစ်ခုရှေ့တွင် မာစီးဒီးကားသစ်တစ်စီး ထိုးရပ်လိုက်သည်။ကားထဲမှ အကောင်းစား ၀တ်စုံကို ၀တ်ထားသော အသက်၄၀အရွယ်ခန့်ရှိလူတစ်ယောက်ထွက်လာသည်။တဲရှေ့တွင်မြေကို တူးဆွနေသော အဘွားကြီးထံ လျှောက်သွားပြီးမေးသည်။
``မင်္ဂလာပါ အဘွား၊စစ်အတွင်းက အပြာနုရောင်ကုတ်အင်္ကျီအစုတ်ကလေးကို ၀တ်ထားတဲ့ ဂျူးချာတိတ်ကလေးတစ်ယောက်ကို အမျိုးသမီးတစ်ယောက် တဲမှာ ၀ှက်ပေးခဲ့တယ်။အဲ့တဲဟာဒီတဲ လားဟင်။´´ ``ဟုတ်တယ် သားအဲ့ဒီ အမျိုးသမီးဟာအဘွားပဲ၊သားဘာဘာကိစ္စမေးတာလဲ။´´ ``အဲ့ဒီကုတ်အင်္ကျီကို ပြန်လာယူတာပါ။´


´တန်ဖိုးမရှိသောသူ
သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။ ``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´ ``နှစ်ရာ´´ ``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´ ``နှစ်ရာပါပဲ´´ ``ကြားတယ်မဟုတ်လား ဘမောင်၊မင်းဟာ ဘာတန်ဖိုးမှ မရှိတဲ့ အကောင်ဆိုတာ ယုံပြီလား။´´


စိုးရိမ်စရာမဟုတ်ပါ

ခရီးသည်များ လှေတစ်စင်းဖြင့် မြစ်ပြင်ကိုဖြတ်သန်းစဉ်ကဖြစ်သည်။လှေကလေးသည် ကျောက်ဆောင်နှင့်ရုတ်တရက် တိုက်မိကာ ရေများကလှေဝမ်းထဲသို့စီးဝင်လာသည်။ ခရီးသည်မျာသည် သူတို့၏ အသက်အန္တာရာယ်အတွက်စိုးရိမ်လာသည်။လူတစ်ယောက် သူကမူ တစ်မူထူးခြားလှသည်။ သူသည် ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာထိုင်နေသည်။သူသည်ရယ်မောနေနိုင်သည့်အပြင် အခြားသူများကိုလည်းမစိုးရိမ် မပူပန်ကြရန် ပြောနေလေသည်။ ``မစိုးရိမ်ကြပါနဲ့။မစိုးရိမ်ကြပါနဲ့။´´သူကပြောသည်။ ``ဒါ စိုးရိမ်စရာ ပြဿနာလည်းမဟုတ်ပါဘူး။လှေထဲရေ၀င်လာတာပါ။ဒါဟာကျွန်တော်တို့ပြဿနာမှမဟုတ်ပါဘူး။ လှေကကျွန်တော်တို့ပိုင်တဲ့လှေမှ မဟုတ်တာ။´´

ခြေခြောက်ချောင်းအပြေး
တစ်ခါကအထောက်တော်တစ်ဦးသည် အရေးကြီးသည့် ကိစ္စဖြင့်ခရီးထွက်ရန်ရှိလေသည်။အရာရှိကြီးကခြေမြန်တော်ကိုနောက်ကျမည်။ အမြန်ဆုံးမရောက်မည်ကိုစိုးရိမ်သဖြင့်အလွန်အပြေးလျင်သည့်မြင်းတစ်ကောင်ကို ပေးလိုက်သည်။ သို့သော်.. အထောက်တော်ကမူ အရေးကြီးကိစ္စဖြင့်အလျင်အမြန်သွားရမည့်ခရီးလမ်းတွင် မြင်းကိုမစီးဘဲ လမ်းတစ်လျှောက်မြင်းကိုဆွဲပြေးလေသည်။ ``ခင်ဗျားက ဘာလို့မြင်းကိုမစီးတာလဲ´´မြင်းကိုမစီးဘဲ ဆွဲပြေးသွားသည့်မြင်ကွင်းကြောင့် ခရီးသွားတစ်ယောက်ကသူ့ကိုမေးသည်။ ``ခြေထောက်လေးချောင်းပြေးတာထက် ခြေခြောက်ချောင်းပြေးတာ ပိုမမြန်ဘူးလားဗျ´´ အထောက်တော်က သူ့အတွေးဖြင့် သူ့မြင်းကိုဆွဲကာပြေးနေလေသတည်း။

သတ္တိရှိပါတယ်

စစ်အရာရှိကြီးသည် စစ်သားများနေထိုင်သော သုံးထပ်တိုက်အဆောင်ကိုဖြတ်လျှောက်လာသည်။စစ်အရာရှိကြီးသည်စိတ်လက်ပေါ့ပါးရွှင်ပျနေသည်။ မမျှော်လင့်ဘဲသုံးထပ်အပေါ်မှနေ၍ညစ်ပုပ်သောရေကိုပက်ချလိုက်ရာတစ်ကိုယ်လုံးစိုရွှဲသွားသည်။စောစောကပျော်ရွှင်နေသောစိတ်လုံးဝပျောက်သွားသည်။ ရှုံမဲ့ပြီး ရေကျလာသည့်သုံးထပ်တိုက်ပြတင်းပေါက်ဘက်သို့မော့ကြည့်သည်။မည့်သူကိုမှမမြင်ရချေ။သို့နှင့်ကြားအောင်အော်ပြောသည်။ ``ကိုယ့်မျက်နှာတောင်ကိုယ်မပြရဲတဲ့သတ္တိကြောင်တဲ့သူတွေ ဟင်း..´´ ``ဘာလို့မပြရဲရမှာလဲ၊ပြရဲပါတယ်´´ဟူသော အသံကြားရပြီးပြတင်းပေါက်တွင် ခေါင်းတစ်လုံး ပြူထွက်လာသည်။ ခေါင်းတွင် ဓါတ်ငွေ့ကာကွယ်ရေးကိရိယာကိုစွပ်ထားလေသည်။


ဘယ့်သူလက်ချက်လဲ

ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီးဧည့်သည်အားလုံးက `လှလိုက်တာ၊လှလိုက်တာ´၀ိုင်းဝန်းချီးကျူးကြသည်။ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသောအမျိုးသမီးသည်အားပါးတရကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။စိန်ဘယက်သည် တစ်လက်မှတစ်လက်သို့ကူးသွားသည်။နောက်ဆုံးတွင်စိန်ဘယက်ပျောက်သွားတော့သည်။ အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။ ``ကျီစားတာဆိုရင်လွန်သွားပြီဗျာ။အခုစားပွဲပေါ်ကိုကျွန်တော်ငွေဖလားတင်ထားမယ်။မီးခလုတ်ကိုပိတ်လိုက်ပြီးတစ်ရာထိကျွန်တော်ရေမယ်။မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ စိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။ မီးကိုပြန်ဖွင့်လိုက်သည်.... ငွေဖလားကြီးမရှိတော့။




ဇာတ်သိမ်းမကောင်းတဲ့ပုံပြင်
ရွှေငါးလေးတစ်ကောင်ကို အဘိုးကြီး ဖမ်းမိသည်။`ဆန္ဒသုံးခုကိုဇြည့်ပေးပါမည်။သူ့ကိုလွှတ်ပါ`ဟု ရွှေငါးကပြောသည်။ အဘိုးကြီး ငါးကိုအိမ်သို့ယူလာပြီး ကြော်စားလိုက်သည်။ အကြောင်းမှာ အဘိုးကြီးနားထိုင်းနေသောကြောင့်ဖြစ်သည်။

မဟာပညာကျော
်တစ်ခါက တောရွာတစ်ရွာတွင် မိသားစုတစ်စုရှိသည်။ ယင်းမိသားစုသည် အလွန့်အလွန် ရိုးလှသည်။အ လှသည်။ တစ်နေ့တွင် သူတို့နွားသည် အစာစားရာမှ အစာများထည့်ထားသောအိုးထဲသို့ ခေါင်းဝင်သွားရာ ပြန်နှုတ်လို့မရတော့ပေ။ သူတို့သည် မည်သို့လုပ်ရမည်ကို မသိနိုင်ကြသဖြင့် ခက်ခဲသော ပြဿနာကိုဖြေရှင်းနိုင်ရန် ဦးလေးဖြစ်သူကို အကူအညီတောင်းသည်။ ဦးလေးဖြစ်သူက သူတို့အိမ်ရောက်လာပြီး အခြေအနေကို အကဲခတ်ကြည့်ရှုသည်။
`` ဒါအလွယ်လေးပါကွာ ´´ဦးလေးဖြစ်သူက အသေအချာနားလည်ဟန်ဖြင့်ပြောသည်။ ``နွားခေါင်းကိုဖြတ်လိုက်ပေါ့´´တူဖြစ်သူများကဦးလေးစကားအတိုင်း နွားခေါင်းကိုဖြတ်ပစ်လိုက်ကြသည်။သို့သော်လည်းနွားခေါင်းကအိုးထဲတွင် ထုတ်မရဘဲ ဖြစ်နေဆဲပင်။ သူတို့သည် အကူအညီကင်းမဲ့နေသကဲ့သို့ခံစားကြရသည်။ ဦးလေးဖြစ်သူထံ ထပ်မံအကြံဉာဏ်တောင်းပြန်သည်။ ဦးလေးဖြစ်သူက ပြောသည်။ ``မခက်ပါဘူးကွာ အိုးကိုရိုက်ခွဲပစ်လိုက်ပေါ့´´အိုးကိုရိုက်ခွဲလိုက်သောအခါ နွားခေါင်းထွက်လာသည်။ဤသို့ဖြင့်ပြဿနာသည် ပြီးဆုံးသွားလေသည်။ လူတိုင်းက ဦးလေးဖြစ်သူ၏ မနှိုင်းယှဉ်နိုင်လောက်အောင် အတွေးအခေါ်မြင့်မားမှုကို ချီးကျူးကြလေသည်။ ဦးလေးဖြစ်သူက သူသည် စိတ်ရှုပ်ထွေးနေကြောင်း၊စိတ်ညစ်နေကြောင်းပြောပြလေသည်။ ``အခုဆို ငါဟာအသက်ကြီးလာပြီကွ။လူ့ပြည်မှာသိပ်ကြာကြာနေရတော့မှာ မဟုတ်ဘူး။သေရတော့မှာပဲ။တကယ်လို့ငါသေသွားတဲ့အခါ မင်းတို့မှာ ဒီလိုပြဿနာမျိုးတွေ ကြုံလာခဲ့ရင်တော့ မင်းတို့ကိုဘယ်သူကများ လာပြီးကူညီနိုင်ပါတော့မလဲကွာ။´´



သူဌေးနဲ့နွား
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။ သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကိုစေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည် ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။ သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´


{ blog ပေါ်မှဟာသများဖြစ်ပါသည်}

Thursday, December 11, 2008

ကိုယ်ပိုင် ဘလော့ခ်လေးတစ်ခု ရပြီ။

ကြိုက်တာလေးတွေဒီထဲ သိမ်းထားမယ်။