သတိပေးချက်`
`ဟေ့ကောင်၊လေထီးမပါဘဲ ခုန်ဆင်းမလို့လား မင်းရူးနေသလားကွ ဟေ..´´ ``ဘာဖြစ်လို့လဲ´´´´အပြင်မှာ မိုးရွာနေတယ်လေကွာ။´´
မှီနိုင်သေးတယ်
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။ ``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။ ``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´
´စစ်အတွင်းက
တဲစုတ်ကလေးတစ်ခုရှေ့တွင် မာစီးဒီးကားသစ်တစ်စီး ထိုးရပ်လိုက်သည်။ကားထဲမှ အကောင်းစား ၀တ်စုံကို ၀တ်ထားသော အသက်၄၀အရွယ်ခန့်ရှိလူတစ်ယောက်ထွက်လာသည်။တဲရှေ့တွင်မြေကို တူးဆွနေသော အဘွားကြီးထံ လျှောက်သွားပြီးမေးသည်။
``မင်္ဂလာပါ အဘွား၊စစ်အတွင်းက အပြာနုရောင်ကုတ်အင်္ကျီအစုတ်ကလေးကို ၀တ်ထားတဲ့ ဂျူးချာတိတ်ကလေးတစ်ယောက်ကို အမျိုးသမီးတစ်ယောက် တဲမှာ ၀ှက်ပေးခဲ့တယ်။အဲ့တဲဟာဒီတဲ လားဟင်။´´ ``ဟုတ်တယ် သားအဲ့ဒီ အမျိုးသမီးဟာအဘွားပဲ၊သားဘာဘာကိစ္စမေးတာလဲ။´´ ``အဲ့ဒီကုတ်အင်္ကျီကို ပြန်လာယူတာပါ။´
´တန်ဖိုးမရှိသောသူ
သူငယ်ချင်းနှစ်ယောက် အလောင်းအစားလုပ်ကြသည်။တက္ကစီကားမှတ်တိုင်သို့ရောက်လာပြီး တစ်ယောက်က တက္ကစီကားဒရိုင်ဘာကိုမေးသည်။ ``ဒီကနေ မြို့ထဲကို ဘယ်လောက်ပေးရမလဲ။´´ ``နှစ်ရာ´´ ``ကျွန်တော့်သူငယ်ချင်းပါ ကျွန်တော်နဲ့လိုက်မယ်ဆိုရင်ကော´´ ``နှစ်ရာပါပဲ´´ ``ကြားတယ်မဟုတ်လား ဘမောင်၊မင်းဟာ ဘာတန်ဖိုးမှ မရှိတဲ့ အကောင်ဆိုတာ ယုံပြီလား။´´
စိုးရိမ်စရာမဟုတ်ပါ
ခရီးသည်များ လှေတစ်စင်းဖြင့် မြစ်ပြင်ကိုဖြတ်သန်းစဉ်ကဖြစ်သည်။လှေကလေးသည် ကျောက်ဆောင်နှင့်ရုတ်တရက် တိုက်မိကာ ရေများကလှေဝမ်းထဲသို့စီးဝင်လာသည်။ ခရီးသည်မျာသည် သူတို့၏ အသက်အန္တာရာယ်အတွက်စိုးရိမ်လာသည်။လူတစ်ယောက် သူကမူ တစ်မူထူးခြားလှသည်။ သူသည် ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်စွာထိုင်နေသည်။သူသည်ရယ်မောနေနိုင်သည့်အပြင် အခြားသူများကိုလည်းမစိုးရိမ် မပူပန်ကြရန် ပြောနေလေသည်။ ``မစိုးရိမ်ကြပါနဲ့။မစိုးရိမ်ကြပါနဲ့။´´သူကပြောသည်။ ``ဒါ စိုးရိမ်စရာ ပြဿနာလည်းမဟုတ်ပါဘူး။လှေထဲရေ၀င်လာတာပါ။ဒါဟာကျွန်တော်တို့ပြဿနာမှမဟုတ်ပါဘူး။ လှေကကျွန်တော်တို့ပိုင်တဲ့လှေမှ မဟုတ်တာ။´´
ခြေခြောက်ချောင်းအပြေး
တစ်ခါကအထောက်တော်တစ်ဦးသည် အရေးကြီးသည့် ကိစ္စဖြင့်ခရီးထွက်ရန်ရှိလေသည်။အရာရှိကြီးကခြေမြန်တော်ကိုနောက်ကျမည်။ အမြန်ဆုံးမရောက်မည်ကိုစိုးရိမ်သဖြင့်အလွန်အပြေးလျင်သည့်မြင်းတစ်ကောင်ကို ပေးလိုက်သည်။ သို့သော်.. အထောက်တော်ကမူ အရေးကြီးကိစ္စဖြင့်အလျင်အမြန်သွားရမည့်ခရီးလမ်းတွင် မြင်းကိုမစီးဘဲ လမ်းတစ်လျှောက်မြင်းကိုဆွဲပြေးလေသည်။ ``ခင်ဗျားက ဘာလို့မြင်းကိုမစီးတာလဲ´´မြင်းကိုမစီးဘဲ ဆွဲပြေးသွားသည့်မြင်ကွင်းကြောင့် ခရီးသွားတစ်ယောက်ကသူ့ကိုမေးသည်။ ``ခြေထောက်လေးချောင်းပြေးတာထက် ခြေခြောက်ချောင်းပြေးတာ ပိုမမြန်ဘူးလားဗျ´´ အထောက်တော်က သူ့အတွေးဖြင့် သူ့မြင်းကိုဆွဲကာပြေးနေလေသတည်း။
သတ္တိရှိပါတယ်
စစ်အရာရှိကြီးသည် စစ်သားများနေထိုင်သော သုံးထပ်တိုက်အဆောင်ကိုဖြတ်လျှောက်လာသည်။စစ်အရာရှိကြီးသည်စိတ်လက်ပေါ့ပါးရွှင်ပျနေသည်။ မမျှော်လင့်ဘဲသုံးထပ်အပေါ်မှနေ၍ညစ်ပုပ်သောရေကိုပက်ချလိုက်ရာတစ်ကိုယ်လုံးစိုရွှဲသွားသည်။စောစောကပျော်ရွှင်နေသောစိတ်လုံးဝပျောက်သွားသည်။ ရှုံမဲ့ပြီး ရေကျလာသည့်သုံးထပ်တိုက်ပြတင်းပေါက်ဘက်သို့မော့ကြည့်သည်။မည့်သူကိုမှမမြင်ရချေ။သို့နှင့်ကြားအောင်အော်ပြောသည်။ ``ကိုယ့်မျက်နှာတောင်ကိုယ်မပြရဲတဲ့သတ္တိကြောင်တဲ့သူတွေ ဟင်း..´´ ``ဘာလို့မပြရဲရမှာလဲ၊ပြရဲပါတယ်´´ဟူသော အသံကြားရပြီးပြတင်းပေါက်တွင် ခေါင်းတစ်လုံး ပြူထွက်လာသည်။ ခေါင်းတွင် ဓါတ်ငွေ့ကာကွယ်ရေးကိရိယာကိုစွပ်ထားလေသည်။
ဘယ့်သူလက်ချက်လဲ
ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီးဧည့်သည်အားလုံးက `လှလိုက်တာ၊လှလိုက်တာ´၀ိုင်းဝန်းချီးကျူးကြသည်။ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသောအမျိုးသမီးသည်အားပါးတရကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဘယက်ကိုချွတ်ပေးသည်။စိန်ဘယက်သည် တစ်လက်မှတစ်လက်သို့ကူးသွားသည်။နောက်ဆုံးတွင်စိန်ဘယက်ပျောက်သွားတော့သည်။ အိမ်ရှင်ကစိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။ ``ကျီစားတာဆိုရင်လွန်သွားပြီဗျာ။အခုစားပွဲပေါ်ကိုကျွန်တော်ငွေဖလားတင်ထားမယ်။မီးခလုတ်ကိုပိတ်လိုက်ပြီးတစ်ရာထိကျွန်တော်ရေမယ်။မီးကိုပြန်ဖွင့်လိုက်တဲ့အချိန်မှာ စိန်ဘယက်ကို ငွေဖလားထဲမှာပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။ မီးကိုပြန်ဖွင့်လိုက်သည်.... ငွေဖလားကြီးမရှိတော့။
ဇာတ်သိမ်းမကောင်းတဲ့ပုံပြင်
ရွှေငါးလေးတစ်ကောင်ကို အဘိုးကြီး ဖမ်းမိသည်။`ဆန္ဒသုံးခုကိုဇြည့်ပေးပါမည်။သူ့ကိုလွှတ်ပါ`ဟု ရွှေငါးကပြောသည်။ အဘိုးကြီး ငါးကိုအိမ်သို့ယူလာပြီး ကြော်စားလိုက်သည်။ အကြောင်းမှာ အဘိုးကြီးနားထိုင်းနေသောကြောင့်ဖြစ်သည်။
မဟာပညာကျော
်တစ်ခါက တောရွာတစ်ရွာတွင် မိသားစုတစ်စုရှိသည်။ ယင်းမိသားစုသည် အလွန့်အလွန် ရိုးလှသည်။အ လှသည်။ တစ်နေ့တွင် သူတို့နွားသည် အစာစားရာမှ အစာများထည့်ထားသောအိုးထဲသို့ ခေါင်းဝင်သွားရာ ပြန်နှုတ်လို့မရတော့ပေ။ သူတို့သည် မည်သို့လုပ်ရမည်ကို မသိနိုင်ကြသဖြင့် ခက်ခဲသော ပြဿနာကိုဖြေရှင်းနိုင်ရန် ဦးလေးဖြစ်သူကို အကူအညီတောင်းသည်။ ဦးလေးဖြစ်သူက သူတို့အိမ်ရောက်လာပြီး အခြေအနေကို အကဲခတ်ကြည့်ရှုသည်။
`` ဒါအလွယ်လေးပါကွာ ´´ဦးလေးဖြစ်သူက အသေအချာနားလည်ဟန်ဖြင့်ပြောသည်။ ``နွားခေါင်းကိုဖြတ်လိုက်ပေါ့´´တူဖြစ်သူများကဦးလေးစကားအတိုင်း နွားခေါင်းကိုဖြတ်ပစ်လိုက်ကြသည်။သို့သော်လည်းနွားခေါင်းကအိုးထဲတွင် ထုတ်မရဘဲ ဖြစ်နေဆဲပင်။ သူတို့သည် အကူအညီကင်းမဲ့နေသကဲ့သို့ခံစားကြရသည်။ ဦးလေးဖြစ်သူထံ ထပ်မံအကြံဉာဏ်တောင်းပြန်သည်။ ဦးလေးဖြစ်သူက ပြောသည်။ ``မခက်ပါဘူးကွာ အိုးကိုရိုက်ခွဲပစ်လိုက်ပေါ့´´အိုးကိုရိုက်ခွဲလိုက်သောအခါ နွားခေါင်းထွက်လာသည်။ဤသို့ဖြင့်ပြဿနာသည် ပြီးဆုံးသွားလေသည်။ လူတိုင်းက ဦးလေးဖြစ်သူ၏ မနှိုင်းယှဉ်နိုင်လောက်အောင် အတွေးအခေါ်မြင့်မားမှုကို ချီးကျူးကြလေသည်။ ဦးလေးဖြစ်သူက သူသည် စိတ်ရှုပ်ထွေးနေကြောင်း၊စိတ်ညစ်နေကြောင်းပြောပြလေသည်။ ``အခုဆို ငါဟာအသက်ကြီးလာပြီကွ။လူ့ပြည်မှာသိပ်ကြာကြာနေရတော့မှာ မဟုတ်ဘူး။သေရတော့မှာပဲ။တကယ်လို့ငါသေသွားတဲ့အခါ မင်းတို့မှာ ဒီလိုပြဿနာမျိုးတွေ ကြုံလာခဲ့ရင်တော့ မင်းတို့ကိုဘယ်သူကများ လာပြီးကူညီနိုင်ပါတော့မလဲကွာ။´´
သူဌေးနဲ့နွား
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။ သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကိုစေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည် ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။ သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´
{ blog ပေါ်မှဟာသများဖြစ်ပါသည်}
Thursday, December 25, 2008
ဟာသများ။
Posted by ကြည် at 10:24 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment